လူကြီးမင်းတို့၏ ကော်ဖီလုပ်ငန်းနှင့်ပက်သက်၍ စိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်း၊ အရည်အသွေး ထိန်းသိန်းခြင်း ၊ စျေးကွက်ချဲ့ထွင်ထိုးဖေါက်ခြင်းအပါအဝင် ကော်ဖီလုပ်ငန်းနှင့်ပက်သက်သော စက်ကရိယာများ၊အခြေခံအဆောက်အဦများ တပ်ဆင်ခြင်းတို့အတွက် လက်တွေ့ကျပြီး ထိရောက်မှုရှိသော ဆွေးနွေးတိုင်ပင် မှုများနှင့် အကြံဉာဏ်ကောင်းများအတွက် ဝန်ဆောင်မှုပေးပါသည်။ ထို့အပြင် လူကြီးမင်းတို့ အဖွဲ့အစည်းတိုးတက်ဖြစ်ထွန်းရန်အတွက် လိုအပ်သော သင်တန်းများ (တစ်ဦးတစ်ယောက်ခြင်းဖြစ်စေ၊အဖွဲ့လိုက်ဖြစ်စေ)၊ကို လက်တွေ့သင်တန်းနှင့် အဝေးရောက်သင်တန်းများ လိုအပ်သလို စီစဥ်ဆောင်ရွက် ပေးပါသည်။
ကျွန်ုပ်တို့သည် INGOs များ၊ နိုင်ငံတကာ ကုမ္ပဏီများ၊ ကော်ဖီစိုက်ပျိုးသူ၊ ထုတ်လုပ်သူ၊ ကုန်သည်များ၊ တင်ပို့ရောင်းချသူများ၊ ကော်ဖီနှင့် ပတ်သက်ပြီး သုတေသနပြုလုပ်သူ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ အများစုကို ဝန်ဆောင်မှုများ ပေးပါသည်။
ကျွန်ုပ်တို့အဖွဲ့သည် စိုက်ပျိုးရေး စီမံကိန်းနှင့် ပက်သက်ပြီး ကျွမ်းကျင်ပညာရှင်များစုဖွဲ့ထားသည်နှင့်အညီ ကော်ဖီလုပ်ငန်းသာမကပဲ အခြားစိုက်ပျိုးရေးနှင့် ပက်သက်သော လုပ်ငန်းများအတွက်လည်း ဝန်ဆောင်မှုများ ပေးဆောင်နိုင်ပါသည်။
ပြည်တွင်း/ပြည်ပရှိ လူကြီးမင်းတို့၏ လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် သင်တန်းများနှင့် ဆွေးနွေးတိုင်ပင်သော ဝန်ဆောင်မှုများကို online မှတစ်ဆင့်ရယူနိုင်ပါသည်။
လူကြီးမင်းတို့၏ လုပ်ငန်းလိုအပ်ချက်နှင့် အကိုက်ညီဆုံးဖြစ်မည့် သင်တန်းအစီစဥ်များကို ဖန်တီးပေးနိုင်ရန် ကျွန်တော်တို့အဖွဲ့အနေဖြင့် အဆင်သင့်ရှိပါသည်။
လူကြီးမင်းတို့၏ လုပ်ငန်း၊ ထုတ်ကုန်များကို တန်ဖိုးမြှင့်တင်ပေးနိုင်သည့် လက်မှတ်လျှောက်ထားမှုမျိုး (ဥပမာ- သြဂဲနစ်အသိမှတ်ပြုလက်မှတ်လျှောက်ထားခြင်း) များကို ကူညီဆောင်ရွက်ပေးပါသည်။
လူကြီးမင်းတို့လုပ်ငန်းတွင် လိုအပ်သော စက်ကရိယာများ ရွေးချယ်ရာတွင် သင့်တော်မှန်ကန်သော အရွယ်အစား၊ အမျိုးအစားနှင့် စျေးနှုန်း နှိုင်းယှဥ်ချက် အစရှိသည်တို့ကို ကူညီဆောင်ရွက်ပေးပါသည်။
ဝန်ဆောင်မှုများအတွက် အသေးစိတ်သိရှိလိုပါက info@coffeehorizonmm.com သို့ တိုက်ရိုက်အီးမေးလ် ပို့၍ဖြစ်စေ၊ ဖုန်းနံပါတ် +95 9 960 609 306 ကိုခေါ်ဆို၍ ဖြစ်စေ ဆက်သွယ်နိုင်ပါသည်။