April 15, 2025
Catuai (ကတ်တွိုင်း) မျိုးသည် Caturra (ကတ်တူရာ) ကော်ဖီမျိုးနှင့် Mundo Novo (မန်ဒိုနိုဘို) ကော်ဖီမျိုးနှစ်မျိုးကို မျိုးစပ်ထုတ်လုပ်ခြင်းမှ ရရှိလာခြင်းဖြစ်သည်။ ဤမျိုးစပ်ခြင်းလုပ်ငန်းစဥ်ကို ဘရာဇီးလ်နိုင်ငံစိုက်ပျိုးရေးသိပ္ပံအင်စတီကျု့မှ ဦးဆောင်၍၁၉၅၀ နှင့် ၁၉၆၀ နှစ်များအတွင်းတွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထိုစပ်မျိုးများထဲမှ Caturra (ကတ်တူရာ) ကော်ဖီမျိုး၏ အပင်ပု မျိုးဗီဇနှင့် Mundo Novo (မန်ဒိုနိုဘို) ကော်ဖီမျိုး၏ အထွက်နှုန်းနှင့် ကျန်းမာသန်စွမ်းမှု မျိုးဗီဇများ ပေါင်းစပ်ပါဝင်သော Catuai (ကတ်တွိုင်း) မျိုးကိုရွေးချယ်ခဲ့ခြင်းဖြစ်သည်။ Caturra (ကတ်တူရာ)မျိုးကဲ့သိုပင် အနီရောင မျိုး၊ အဝါရောင်မျိုးဟူ၍ မျိုးကွဲများရှိသည်။ (ကိုးကား: The world atlas of coffee by James Hoffmann)
#coffeehorizon #coffeeconsulting #myanmarspecialty #myanmarcoffee #coffee #consulting #myanmar