April 15, 2025
Caturra (ကတ်တူရာ သို့မဟုတ် မြန်မာအများစုအခေါ် ကတ်ကျူရာ) ကော်ဖီမျိုးသည် Burbon (ဘာဘွန်)ကော်ဖီမျိုးမှ သဘာဝအလျောက် မျိုးထွန်းလာသော ကော်ဖီမျိုး ဖြစ်ပြီး ဘရာဇီးလ် နိုင်ငံတွင် ၁၉၃၇ ခုနှစ်၌ စတင်တွေ့ရှိခဲ့သည်။ အခြားကော်ဖီမျိုးများနှင့် နှိုင်းယှဥ်လျှင် ဤကော်ဖီ၏ အထွက်နှုန်းမှာ သိသိသာသာ မြင့်မားပြီး အပင်၏ ခံနိုင်ဝန်ထက် ကျော်လွန်၍ အသီးသီးနိုင်စွမ်းရှိသည်။ ထိုမှတစ်ဆင့် အသီးလွန်ကဲမှုကြောင့် ဖြစ်ပေါ်တတ်သော အပင် ကိုင်းဖျားခြောက်၍သေဆုံးခြင်းအဆင့်ထိ ရောက်ရှိနိုင်သည်။ သို့ရာတွက် စိုက်ခင်းကို စနစ်တစ်ကျ စီမံခန့်ခွဲခြင်းဖြင့် ဤပြဿနာကို ကျော်လွှားနိုင်သည်။ Caturra (ကတ်တူရာ သို့မဟုတ် မြန်မာအများစုအခေါ် ကတ်ကျူရာ) ကော်ဖီမျိုးသည် ဘရာဇီးနိုင်ငံတွင် အတွေ့ရများသော်လည်း အမေရိကတိုက် အလယ်ပိုင်းနှင့် ကိုလံဘီယာနိုင်ငံတို့တွင် ပိုမိုကျော်ကြားလူကြိုက်များသည်။ သောက်သုံးမှု အရည်အသွေးကောင်းမွန်ပြီး စိုက်ပျိုးရာ မြေမျက်နာပြင် မြင့်တက်လာသည်နှင့်အမျှ ကော်ဖီအရည်အသွေးလည်း ပိုမိုကောင်းမွန်လာပြီး အထွက်နှုန်းလည်း လျော့ကျလာသည်။ အသီး၏ အရောင်မှာ အနီရောင်၊ အဝါရောင်တို့ရှိတတ်ပြီး အပင်ပုအမျိုးအစားဖြစ်သောကြောင့် ကော်ဖီသီး ခူးဆွတ်ရာတွင် လက်ဖြင့်ခူးဆွတ်ရန် လွယ်ကူသည်။ (ကိုးကား: The world atlas of coffee by James Hoffmann)
#coffeehorizon #coffeeconsulting #myanmarspecialty #myanmarcoffee #coffee #consulting #myanmar