April 15, 2025
Mundo Novo (မန်ဒိုနိုဘို) ကော်ဖီမျိုးသည် Typica (တစ်ပီကာ) ကော်ဖီမျိုးနှင့် Burbon (ဘာဘွန်)ကော်ဖီမျိုးတို့ သဘာဝအလျှောက် မျိုးစပ်၍ ဖြစ်ထွန်းလာသော ကော်ဖီမျိုးဖြစ်ပြီး ဘရာဇီးလ်နိုင်ငံ Mundo Novo ဒေသတွင် ၁၉၄၀ ခုနှစ်၌ စတင်တွေ့ရှိခဲ့သည်။ဤကော်ဖီမျိုး၏ ကျန်းမာသန်စွမ်းမှု၊ အထွက်နှုန်းကောင်းမွန်မှု၊ ရောဂါဒဏ်ခံနိုင်ရည်ရှိမှု နှင့် ပင်လယ်ရေမျက်နာပြင်အထက် မီတာ ၁၀၀၀ မှ ၁၂၀၀ အကြား ( ပေ ၃၃၀၀ မှ ၃၉၀၀) အတွင်း ဖြစ်ထွန်းအောင်မြင်နိုင်မှု စသည့် အချက်များသည် Mundo Novo (မန်ဒိုနိုဘို) ကော်ဖီမျိုးကို ရွေးချယ်စိုက်ပျိုးရခြင်း၏ အဓိက အကြောင်းအရင်းများဖြစ်သည်။ (ကိုးကား: The world atlas of coffee by James Hoffmann)
#coffeehorizon #coffeeconsulting #myanmarspecialty #myanmarcoffee #coffee #consulting #myanmar