April 15, 2025
ဘာဘွန် (Burbon) ကော်ဖီမျိုးသည် တစ်ပီကာ (Typica) ကော်ဖီမျိုးမှ သဘာဝအလျှောက် မျိုးထွန်းခြင်းမှတစ်ဆင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး (ယခင် အခေါ် - Burbon Island) ယခု Reunion Island တွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ တစ်ပီကာ (Typica) ကော်ဖီမျိုးထက် အထွက်နှုန်းပိုမိုကောင်းမွန်၍ အရည်အသွေးပိုင်းအရ သိသာထင်ရှားတဲ့ အချိုဓါတ်ပေါ်လွင်မှုသည် ဘာဘွန် (Burbon) ကော်ဖီ ကိုလူကြိုက်များနှစ်သက်ရခြင်းဖြစ်သည်။ အသီး၏ အရောင်မှာ အနီရောင်၊ အဝါရောင် နှင့် ရံဖန်ရံခါ လိမ္မော်ရောင် တို့ရှိတတ်ကြသည်။ ကမ္ဘာ့ကော်ဖီစိုက်ပျိုးထုတ်လုပ်တဲ့နိုင်ငံအများအပြားတွင် ဘာဘွန် (Burbon) ကော်ဖီကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးခဲ့ကြသော်လည်း နောက်ပိုင်းတွက် အထွက်နှုန်းပိုမိုကောင်းမွန်သော ကော်ဖီမျိုးများဖြင့် အစားထိုးစိုက်ပျိုးခြင်းခံခဲ့ရသည်။ ဤကဲ့သို့ ဖြစ်ရခြင်းမှာ အရည်အသွေးကောင်းကော်ဖီမျိုးများသည် သဘာဝအရ အထွက်နှုန်းပိုင်းတွင် အားနည်းချက်ရှိတတ်သော်လည်း လျော့နည်းသည့်အထွက်နှုန်းအတွက် ကာမိအောင် စျေးကောင်းပိုမိုရရှိရန် လိုပါသည်။ သို့ရာတွင် ယခင် ကော်ဖီစျေးကွက်သည် အရည်အသွေးကောင်းကော်ဖီများအတွက် ထိုက်တန်သော စျေးနှုန်းတို့မြှင့်ပေးရန် ပျက်ကွက်ခဲ့ခြင်းကြောင့် ဖြစ်သည်။ (ကိုးကား: The world atlas of coffee by James Hoffmann)
#coffeehorizon #coffeeconsulting #myanmarspecialty #myanmarcoffee #coffee #consulting #myanmar