Navbar

Typica (တစ်ပစ်ကာ) မျိုး

Blog Image

April 14, 2025

လက်ရှိစိုက်ပျိုးနေသော အာရေးဘီးကား ကော်ဖီမျိုးအားလုံးသည် တစ်ပီကာ ကော်ဖီမျိုး (Typica variety) မှ သဘာဝအလျောက် မျိုးထွန်းခြင်း သို့မဟုတ် ရွေးချယ်မျိုးစပ်ခြင်းဖြင့် ပေါက်ဖွားလာကြသည်ဟု ယုံကြည်ယူဆထားကြပါသည်။  ကမ္ဘာတစ်ဝှမ်း စီးပွားဖြစ် ကော်ဖီစိုက်ပျိုးထုတ်လုပ်နိုင်ရန် ကော်ဖီမျိုးများကို ဖြန့်ဝေခြင်း (သို့မဟုတ်) ပျံနှံအောင်လုပ်ဆောင်ရာတွင် ဒတ်ချ်လူမျိုးများသည် ပထမဆုံးဖြစ်ပြီး ၎င်းတို့နှင့်အတူ ယူဆောင်သွားသော ကော်ဖီမျိုးဖြစ်သည်။ ကော်ဖီအသီး၏ အရောင်မှာ အနီရောင်ဖြစ်ပြီး အရွယ်အစားမှာ အခြားကော်ဖီမျိုးများနှင့် နှိုင်းယှဥ်လျှင် အတော်လေး သေးငယ်သည်။  သောက်သုံးမှုအရည်အသွေး (cup quality) အကောင်းဆုံးပေးစွမ်းနိုင်သည့်မျိုးဖြစ်သည်။ ယနေ့အချိန်ထိ ကမ္ဘာ့နေ့ရာအနှံ့အပြားတွင် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလျှက်ရှိပြီး အခြားအမည်ခွဲများအဖြစ် criollo, sumatra and arabigo ဟူ၍လည်း ခေါ်ဆိုကြပါသည်။ 

 

#coffeehorizon #coffeeconsulting #myanmarspecialty #myanmarcoffee #coffee #consulting #myanmar

0 Likes
← Back to Blogs