May 21, 2025
ကုန်းမြင့်ကော်ဖီ (Arabica Coffee) ရဲ့ စျေးနှုန်းတွေကို အချိန်နှင့်တစ်ပြေးညီ သိရှိလိုပါသလား။
စိတ်ဝင်စားတယ်ဆိုရင်တော့ ကော်ဖီစျေးကွက်ကို ဖေါ်ပြတဲ့ နေရာများစွာထဲကမှ CoffeeHorizon အနေနဲ့ မိတ်ဆက်ပေးချင်တဲ့နေရာလေး တစ်ခုရှိပါတယ်။ ဒါကတော့ ကော်ဖီစျေးနှုန်းကို အချိန်နဲ့တစ်ပြေးညီ ကြည့်လို့ရမယ့် Trading Economics ဆိုတဲ့ Website ပဲဖြစ်ပါတယ်။ ဒီ Website မှာတော့ ကော်ဖီစျေးနှုန်းတွေကို ၁ ရက်စာ၊ ၇ ရက်စာ၊ ၁ လစာ၊ ၆ လစာ၊ ၁ နှစ်၊ ၅ နှစ်၊ ၁၀ နှစ်၊ ၂၅ နှစ်၊ ၅၀ နှစ် အထိ ဒေတာ အချက်အလက်များကို စုစည်းဖော်ပြပေးထားပါတယ်။ ၂၅ နှစ်နဲ့ ၅၀ နှစ် အတွက်တော့ subscribe လုပ်တဲ့သူတွေအတွက် သီးသန့်ဖြစ်ပါတယ်။
ဒီထက်ပိုပြီးစိတ်ဝင်စားရင်တော့ ကမ္ဘာ့ကုန်စည်စျေးနှုန်း၊ နိုင်ငံတကာ ငွေကြေးစျေးနှုန်း၊ စတော့စျေးကွက်၊ ဘွန်းနှင့် ခရစ်ပတို စျေးနှုန်းများကိုလည်း တစ်ပါတည်း ကြည့်ရှုနိုင်ပါတယ်။
#coffeehorizon #coffeeconsulting #myanmarspecialty #myanmarcoffee #coffee #consulting #myanmar