Navbar

အပြည်ပြည်ဆိုင်ရာ ကော်ဖီနေ့

Blog Image

April 15, 2025

နှစ်စဥ်နှစ်တိုင်း အောက်တိုဘာလ ၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ကော်ဖီနေ့အဖြစ် သတ်မှတ်ပြီး ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများတွင် အထိမ်းအမှတ်ပွဲများ ပြုလုပ်ကျင်းခဲ့ကြသည်မှာ ၁၀ နှစ်တိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ် အောက်တိုဘာ (၁) ရက်နေ့ဆိုရင် ၁၁ နှစ်မြောက် အကြိမ်ကျင်းပရမှာဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ ကော်ဖီနေ့ စတင်ကျင်းပခဲ့ပုံနှင့် ဖြစ်ပေါ်လာတဲ့သမိုင်းကြောင်း ကိုပြောရမယ်ဆိုရင် နိုင်ငံအများစုသည် ကော်ဖီအထိန်းအမှတ်နေ့များကို မိမိတို့နိုင်ငံ၏ ကော်ဖီအထင်ကရနေ့များတွင်  ကျင်းပခဲ့ကြသည်မှ နှစ်များစွာကြာမြင့်ခဲ့ကြပြီဖြစ်သည်။ အချို့နိုင်ငံများတွင် ၎င်းတို့နိုင်ငံရှိ ကော်ဖီအသင်းများ ဖွဲ့စည်းတည်ထောင်သော နေ့ကိုလည်းကောင်း၊ အချို့နိုင်ငံများတွင် ကော်ဖီ၏ အရေးပါမှုကို ပြည်သူများအကြား မီးမောင်းထိုးပြလို၍သော်လည်းကောင်း၊ အချို့နိုင်ငံများတွက် ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများကို ဂုဏ်ပြုလို၍သော်လည်းကောင်း ကျင်းပခဲ့ကြသည်။ ထိုမှတစ်ဆင့် International Coffee Organization (ICO) ၏ ဦးဆောင်မှုဖြင့် ကမ္ဘာတစ်ဝှမ်းရှိ နေ့ရက်အမျိုးမျိုးတွင် ကျင်းပခဲ့ကြသော ကော်ဖီနှင့် ပက်သက်သည့် ပွဲများအစား  နှစ်စဥ်အောက်တိုလ (၁) ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာ ကော်ဖီနေ့” International Coffee Day အဖြစ်သတ်မှတ်ပြီး တစ်ညီတစ်ညွတ်တည်း ကျင်းပရန် ဆုံးဖြတ်ခဲ့ကြပြီး ၂၀၁၅ ခုနှစ် တွင်စတင်ကျင်းခဲ့ကြသည်။

ဤကဲ့သို့ကျင်းပြပြုလုပ်ရသည့် ရည်ရွယ်ချက်များမှာ

·      ကော်ဖီနှင့်ပက်သက်၍ အသိအမြင်ဗဟုသုတများ ပိုမိုနိုးကြားလာစေရန်

·      ကော်ဖီကဏ္ဍရေရှည်တည်တံ့ခိုင်မြဲစေရန်

·      ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများကို အားပေးကူညီနိုင်ရန်

·      ကော်ဖီယဥ်ကျေးမှုများ ကမ္ဘာတစ်ဝှမ်းတွင် ပိုမိုမြှင့်တင်နိုင်ရန်

·      ကော်ဖီစိုက်ပျိုးထုတ်လုပ်တင်ဆက်မှုများအားလုံးတွင် တီထွင်ဆန်းသစ်မှုများပိုမိုအားပေးနိုင်ရန်

တို့ဖြစ်ကြသည်။

အထက်ပါ ရည်ရွယ်ချက်များ ဖြည့်ဆည်းနိုင်ရန်အတွက် Internationa Coffee Day တွင် ပြခန်းများ၊ ဆိုင်ခန်းများ၊ ပြုလုပ်၍ အများပြည်သူ သောက်သုံးနိုင်ရန် အထူးစျေးနှုန်းဖြင့် ကော်ဖီများကို ရောင်းချခြင်း၊ တစ်ရက်တာ အခမဲ့ကော်ဖီသောက်သုံးနိုင်သော လက်ဆောင်ကူပွန်များ ဝေငှခြင်း၊ ကော်ဖီနှင့် ပက်သက်သော သတင်းအချက်အလက်နှင့် ဗဟုသုတများကို အများပြည်သူများ သိရှိအောင် ရှင်းလင်းပြောကြားခြင်း၊ ကံစမ်းမဲနှင့် အခြားစိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများကို မေးမြန်း၍ ကော်ဖီထုပ် လက်ဆောင်များ မဲဖေါက်ဝေမျှပေးခြင်း၊ ပြပွဲများ၊ ပြိုင်ပွဲများနှင့် အတူ ကျွမ်းကျင်သော ကော်ဖီဖျော်သည့် သူများက ပရိတ်သတ်များရှေ့တွင် ထူးခြားလှပသော ကော်ဖီများ ဖျော်စပ်ပြသခြင်း တို့ပြုလုပ်ကြပါသည်။

 

#coffeehorizon #coffeeconsulting #myanmarspecialty #myanmarcoffee #coffee #consulting #myanmar

0 Likes
← Back to Blogs