Navbar

SL-28 မျိုး

Blog Image

April 15, 2025

တန်ဇန်းနီးယားနိုင်ငံ ရှိ ရေငတ်ဒဏ်ခံနိုင်သော ကော်ဖီမျိုးများအနက်မှ မျိုးရွေးချယ်သုတေသနပြုလုပ်ခြင်းကို ကင်ညာနိုင်ငံရှိ စကော့ဓါတ်ခွဲခန်းတွင် ပြုလုပ်ခဲ့ပြီး ယနေ့အချိန်တိုင်  နာမည်ကျော်ကြားလူကြိုက်များနေသော SL-28 ကော်ဖီမျိုးကို ၁၉၃၀ ခုနှစ်တွင် စတင်ရွေးချယ်ဖေါ်ထုတ်ခဲ့သည်။ ကော်ဖီအသီး၏ အရောင်သည် အနီရောင်ရှိပြီး ကော်ဖီအစေ့၏ အရွယ်အစားသည် ပျမ်းမျှကော်ဖီစေ့ အရွယ်အစားထက် ပိုကြီးသည်။ ဤကော်ဖီမျိုးသည် အနံ့အရသာပိုင်းတွင် သိသာထင်ရှားသော အသီးရနံ့ (သစ်သီးရနံ့)ရှိပြီး ကော်ဖီမြည်းစမ်းသည့် ကျွမ်းကျင်ပညာရှင်များက blackcurrant ဖြင့်ခိုင်းနှိုင်းပြောဆိုလေ့ရှိသည်။ (မှတ်ချက်-blackcurrant ဆိုသည်မှာ မြန်မာနိုင်ငံတွင် ပေါက်ရောက်လေ့မရှိပဲ အနီးစပ်ဆုံးဆင်တူသည့် အသီးမှာ စပျစ်သီးအငယ်စားမျိုးဖြစ်သည်။ သို့ရာတွင် စပျစ်သီးနှင့် မျိုးရိုးဗီဇ၊ အနံ့အရသာ လုံးဝတူညီမှုမရှိပဲ ဘောက်သီးနှင့် မိခင်မျိုးရင်း တူညီမှုရှိသည်)။ SL-28 ကော်ဖီမျိုးသည် ကော်ဖီသံချေးမှို ရောဂါဒဏ်ကို ခံနိုင်ရည် ကင်းမဲ့ပြီး မြေမျက်နာပြင် မြင့်သောဒေသများတွင် ကောင်းစွာ ရှင်သန်ဖြစ်ထွန်းသည်။ (ကိုးကား၊  The world atlas of coffee by James Hoffmann)

 

#coffeehorizon #coffeeconsulting #myanmarspecialty #myanmarcoffee #coffee #consulting #myanmar

0 Likes
← Back to Blogs