April 15, 2025
ဤကော်ဖီမျိုး၏ အမည်မှန်ကို Geisha သိုမဟုတ် Gesha (ဂေးရှာ) ဟူ၍ ဆွေးနွေးငြင်းခုန်မှုအချို့ရှိသော်လည်း Geisha (ဂေးရှာ) ကော်ဖီမျိုးကို အသုံးများကြသည်။ Gesha ဆိုသည်မှာ အီသီယိုးပီးယားနိုင်ငံ အနောက်ပိုင်းဒေသရှိ မြို့တစ်မြို့၏ အမည်ဖြစ်သည်။ Geisha (ဂေးရှာ) ကော်ဖီမျိုးသည် ကိုစတာရီကာနိုင်ငံမှ ပနားမားနိုင်ငံသို့ ရောက်ရှိလာခဲ့သော်လည်း ဤကော်ဖီမျိုး၏ မူရင်းဒေသသည် အီသီယိုးပီးယားနိုင်ငံဖြစ်သည်ဟု လက်ခံယုံကြည်ထားကြသည်။ Geisha (ဂေးရှာ) ကော်ဖီမျိုးသည် အရည်အသွေးအရသာပိုင်းတွင် ထူးကဲစွာ မွှေးကြိုင်သော ပန်းရနံ့များဖန်တီးပေးနိုင်သဖြင့် ဤကော်ဖီ၏ဝယ်လိုအားနှင့် ကော်ဖီစျေးနှုန်းမှာ မကြာသေးခင်နှစ်များအတွင် သိသိသာသာ မြင့်တက်လာခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ပနားမားနိုင်ငံ၊ Hacienda La Esmeralda အမည်ရှိ ကော်ဖီခြံတစ်ခြံမှ Geisha (ဂေးရှာ) ကော်ဖီကို အသုံးပြု၍ ပြိုင်ပွဲဝင်ခဲ့ရာမှ ဤကော်ဖီကို သိသိသာသာ လူကြိုက်များ ရေပန်းစားလာခဲ့သည်။ ပြိုင်ပွဲတွင် ကော်ဖီ၏ အနံ့အရသာမှာ တစ်မူထူးခြားစွာ သိသာကောင်းမွန်သောကြောင့် ကော်ဖီတစ်ပေါင်လျှင် ၂၁ ဒေါ်လာ ( $21/lb ) ဖြင့်လေလံအောင်ခဲ့သည်။ ထိုကဲ့သို့ မှတ်တမ်းဝင် စျေးမြင့်မားမှုကို ၂၀၀၆ ခုနှစ်နှင့် ၂၀၀၇ ခုနှစ်တွင် ကော်ဖီတစ်ပေါင်လျှင် ၁၃၀ ဒေါ်လာ ( $130/lb ) ဖြင့် ထပ်မံကျော်ဖြတ်ခဲ့ပြီး ပုံမှန်ကော်ဖီကုန်စည် ထက် အဆပေါင်း ၁၀၀ ခန့် စျေးမြင့်မားစွာရရှိခဲ့သည်။ ဤအချိန်မှစ၍ အမေရိကတိုက် အလယ်ပိုင်းနှင့် အမေရိကတိုက် တောင်ပိုင်းတွင် Geisha (ဂေးရှာ) ကော်ဖီကို ပိုမိုစိုက်ပျိုးထုတ်လုပ်လာကြသည်။ (Source: The world atlas of coffee by James Hoffmann)
#coffeehorizon #coffeeconsulting #myanmarspecialty #myanmarcoffee #coffee #consulting #myanmar