April 15, 2025
Maragogype (မာရာဂိုဂျီပီ) ကော်ဖီမျိုး၏ ကော်ဖီသီးသည် အာရေးဘီးကား ကော်ဖီမျိုးထဲတွင် အလွန်ကြီးမားသော အသီးအရွယ်အစားရှိပြီး အလွယ်တစ်ကူ မှတ်မိ (သိမြင်) နိုင်သည်။ ဤမျိုးသည် Typica (တစ်ပစ်ကာ) ကော်ဖီမျိုးမှ သဘာဝအလျောက် မျိုးထွန်းလာခြင်းဖြင့် ဖြစ်ပေါ်လာသည်။ အသီးအရွယ်အစား ကြီးမားခြင်းကြောင့် ပိုမိုမျက်စိကျတတ်ပြီး သဘောကျနှစ်ခြိုက်ကြသည်။ အခြားအာရေးဘီးကား ကော်ဖီပင်များနှင့် နှိုင်းယှဥ်လျှင် အပင်၏ အရွက်များလည်း သိသိသာသာ ကြီးမားပြီး အထွက်နှုန်းလည်း ပိုမိုလျော့နည်းသည်။ အပင်၏ အရွယ်အစား (သို့မဟုတ်)အသီး၏ အရွယ်အစားကို ရည်ညွှန်းပြီး ဆင်ဟူ၍ (Elephant or Elephand Bean) တင်စားသုံးနှုန်းကြသည်။ အသီးမှည့်၏ အရောင်မှာ အများအားဖြင့် အနီရောင်ရှိသည်။ (ကိုးကား The world atlas of coffee by James Hoffman)
#coffeehorizon #coffeeconsulting #myanmarspecialty #myanmarcoffee #coffee #consulting #myanmar