လူကြီးမင်းတို့ကော်ဖီလုပ်ငန်းအတွက် ယုံကြည်အားထားရာဖြစ်သော CoffeeHorizon မှ ကြိုဆိုပါတယ်။ မြန်မာ့ကော်ဖီလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ရည်သန်၍ ကော်ဖီစိုက်ပျိုး ထုတ်လုပ် ရောင်းဝယ်၊ ဖောက်ကားသူများနှင့် သောက်သုံးသူများအားလုံး အတွက် ဝန်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်ပါသည်။ ကျွန်ုပ်တို့အဖွဲ့သည် ကော်ဖီစိုက်တောင်သူများ၊ ကော်ဖီကြိတ်ခွဲထုတ်လုပ်သူများ၊ ကော်ဖီတင်ပို့ရောင်းချသူများ အားလုံး၏ အကျိုးစီးပွားကို မြှင့်တင်ပေးနိုင်ရန်နှင့် ကော်ဖီအရည်အသွေးကို မြှင့်တင်ပေးနိုင်ရန်အတွက် ကော်ဖီပင်ငယ် စိုက်ပျိုးချိန်မှ စတင်၍ ထုတ်လုပ်မှုလမ်းကြောင်းတစ်လျှောက်နှင့် စျေးကွက်တင်ရောင်းချမှုလုပ်ငန်းစဥ်များ များအားလုံးတွင် အရည်အသွေးနှင့် ဝန်ဆောင်မှုများ အကောင်းဆုံး ထိန်းသိမ်းထားနိုင်ရန် နည်းပညာဖြင့် အားဖြည့်ကူညီပေးလိုပါသည်။ CoffeeHorizon ၏ဝန်ဆောင်မှုများကို ရယူ၍ လူကြီးမင်း၏ လုပ်ငန်းအတွက် ကောင်းမွန်၍ အရည်အသွေးပြည့်ဝသော ကော်ဖီရပ်ဝန်းတစ်ခုကို ယခုပဲတည်ဆောက်လိုက်ပါ။
ကော်ဖီစိုက်ပျိုး၊ ထုတ်လုပ်၊ ရောင်းဝယ် သူများအားလုံးအတွက် သမားရိုးကျ နည်းစနစ်မှသည် ခေတ်မှီနည်းပညာများ အသုံးပြု၍ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုများ ဖေါ်ဆောင်ပေးရန်
အရည်အသွေးမြင့် ကမ္ဘာ့ကော်ဖီစျေးကွက်တွင် မြန်မာ့ကော်ဖီ၏ အရည်အသွေး၊ စျေးကွက်နှင့် ပုံရိပ်တို့ကို မြှင့်တင်ပေးရန်
စိုက်ပျိုးထုတ်လုပ်ရာဒေသ၊ လူ့အဖွဲ့အစည်းနှင့် သဟဇာတဖြစ်ပြီး အခက်ခဲများကို ရင်ဆိုင်ကျော်လွှားနိုင်သည့် ကော်ဖီလုပ်ငန်းများ ကူညီတည်ဆောက်ပေးရန်
စီးပွားရေးအကျိုးအမြတ် နှင့်အတူ သဘာဝပတ်ဝန်းကျင်နှင့် ရိုးရာယဥ်ကျေးမှုများကို ထိန်းသိမ်းနိုင်သည့် ကော်ဖီလုပ်ငန်းများ ကူညီတည်ဆောက်ပေးရန်
ကော်ဖီစိုက်ခင်းမှ သောက်သုံးမည့် ကော်ဖီခွက်သို့ ရောက်သည်အထိ ထုတ်လုပ်မှု လမ်းကြောင်းတစ်လျှောက်တွင် ကော်ဖီ၏ အရည်အသွေး၊ စျေးကွက်၊ နှင့် သောက်သုံးသူများအတွက် အကောင်းဆုံးဝန်ဆောင်မှုများ ရယူခံစားနိုင်ပြီး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုများ ဆောင်ကျဥ်းပေးနိုင်သော ကော်ဖီရပ်ဝန်းတစ်ခုဖန်တီးရန်။